ယခုနှစ်မှာလည်း ဖုန်းအလုံး (၃၅)လုံးနှင့် ငွေသားဆု (၃၀)ဆု – ဆုမဲပေါင်း (၆၅)ဆုကို အလိုင်းရင့်စ်မှာ ချေးငွေတစ်ကြိမ်တစ်ခါရယူဖူးသူအသင်းဝင်အားလုံး ပါဝင်နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် စိတ်ကြိုက်စုငွေအကောင့်တွင် (၂၀၂၅ ဇူလိုင်လ ၁ရက်နေ့မှ ၂၀၂၅ အောက်တိုဘာ ၃၁ ရက်နေ့အထိ)၊ တစ်ဆက်တည်းစုငွေကာလ (၄လ) နှင့်အထက်၊ သတ်မှတ်စုငွေပမာဏ အဖွဲ့လိုက်အသင်းသားများအတွက် (၃သိန်းကျပ်နှင့်အထက်)၊ တစ်ဦးချင်းအသင်းသားများအတွက် (ကျပ်သိန်း ၃၀ နှင့်အထက်)၊ ရွှေအားမာန်အသင်းသားများအတွက် (ကျပ်သိန်း ၃၀ နှင့်အထက်) စုဆောင်းထားရှိရမှာဖြစ်ပါတယ်။
ကံထူးနိုင်မည့်ဆုမဲများအနေဖြင့်
-
- ငွေကျပ် (၁၀) သိန်း တန်ဖိုးရှိ – ဖုန်း (၁၅) လုံး
- ငွေကျပ် (၅) သိန်း တန်ဖိုးရှိ – ဖုန်း (၂၀) လုံး
- (၃) သိန်းကျပ် ငွေသားဆု – (၃၀) ဆု
တို့ဖြစ်ပြီး အလိုင်းရင့်စ်မှာ ကျင်းပပြုလုပ်မည့် ငွေစုရင်းကံစမ်းနိုင်မည့်အစီအစဉ်မှာ မြင့်မားလှတဲ့စုငွေအတိုးနှုန်းများရယူပြီး ဆုမဲများကံထူးနိုင်ဖို့အတွက် အခုပဲ အလိုင်းရင့်မှာစုငွေစုဆောင်းဖို့ဖိတ်ခေါ်လိုက်ရပါတယ်။
====================================================================
ငွေစုရင်းကံစမ်းနိုင်မည့်အစီအစဉ်မှာပါဝင်နိုင်ရန်အတွက်
✦ အဖွဲ့လိုက်အသင်းသားများအတွက် စုငွေ
စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (၃ သိန်းကျပ်နှင့်အထက်)၊ (၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၄ လ) နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။
✦ တစ်ဦးချင်းအသင်းသားများအတွက် စုငွေ
စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (ကျပ်သိန်း ၃၀ နှင့် အထက်)၊ (၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၄ လ) နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။
✦ ရွှေအားမာန်အသင်းသားများအတွက် စုငွေ
စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (ကျပ်သိန်း ၃၀ နှင့်အထက်)၊ (၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၄ လ) နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။
ယခင်က အလိုင်းရင့်စ်၏ ငွေကြေးဝန်ဆောင်မှုရယူခဲ့ဖူးသော အသင်းဝင်များလည်း သတ်မှတ်ချက်များအတိုင်းပါဝင်ကံစမ်းနိုင်ပါတယ်။
စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ
၁။ အလိုင်းရင့်စ်၏ငွေကြေးဝန်ဆောင်မှုရယူခဲ့ဖူးသူ (သို့) ရယူထားဆဲ အသင်းဝင် Customer ဖြစ်ရန်လိုအပ်ပြီး စိတ်ကြိုက်စုငွေအကောင့်အမျိုးအစား အားလုံးအတွက်အကျုံးဝင်ပါသည်။
၂။ ဤကံစမ်းမဲကာလအတွင်း မိမိနှစ်သက်ရာ စိတ်ကြိုက်စုငွေအကောင့်အမျိုးအစားတွင် ၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ သတ်မှတ်ငွေပမာဏရှိရန်လိုအပ်ပြီး ၂၀၂၅ အောက်တိုဘာ ၃၁ ရက် နေ့အထိ (၄ လ) နှင့်အထက်ရှိသော တစ်ဆက်တည်းစုငွေစာရင်းများသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၃။ ငွေစုရင်း ကံစမ်းနိုင်မည့်အစီအစဉ်မှာပါဝင်တဲ့ဆုလက်ဆောင်များမှာ
|
||||||||||||||
| ၄။ ကံထူးရှင်များအား ၂၀၂၅ နိုဝင်ဘာလတွင် မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ပြီး အလိုင်းရင့်စ်၏ Facebook စာမျက်နှာနှင့် အလိုင်းရင့်စ်ရုံးများတွင် ကြေညာပေးမည်ဖြစ်ပါသည်။ |
၅။ ကံထူးသူ အသင်းဝင်အား ဆုရွေးချယ်ပြီးနောက် ဆုမဲထုတ်ယူရမည့် လိပ်စာအားအကြောင်းကြားပေးမည်ဖြစ်ပါသည်။
၆။ ဆုရရှိသည့် ကံထူးရှင်များကို အလိုင်းရင့်စ်၏ Media Platform များတွင် ကြေညာရန် ကံထူးရှင်များ၏ (ဓာတ်ပုံနှင့်) အမည်များကို အသုံးပြုရန်အတွက် ဆုမဲကံထူးရှင်များမှသိရှိသဘောတူပါသည်။
၇။ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များနှင့် အလိုင်းရင့်စ်အနေဖြင့် ထိန်းချုပ်၍မရသောအခြေအနေဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိသည်ဟု မှတ်ယူရမည်။
၈။ အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။