အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးဝန်ဆောင်မှုပေးရုံသာမက မိမိတို့အလိုင်းရင့်စ်ရုံးခွဲများတည်ရှိရာဒေသများရှိ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အစဉ်တစိုက်အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုနှစ် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးကို အားပေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး “𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐁𝐚𝐜𝐤 𝐭𝐨 𝐒𝐜𝐡𝐨𝐨𝐥”အစီအစဉ်ကို ဖော်ဆောင်ခဲ့ပါသည်။ မိမိတို့အလိုင်းရင့်စ်ရုံးခွဲများရှိရာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်စသည့် တိုင်းပြည်နယ်များရှိ မြို့နယ်ပေါင်း(၄၀)တွင် အစိုးရစာသင်ကျောင်းနှင့်ဘုန်းတော်ကြီးသင်စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာအုပ်ပေါင်း(၈၀၀၀)ခန့်နှင့် အခြားစာရေးကိရိယာများကို အလိုင်းရင့်စ်ကုမ္ပဏီနှင့် ဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားရေးတွင် အဆင်ပြေချောမွေ့စေရန်နှင့် အနာဂတ်တွင် မိမိတို့ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။ ယခုလို လှူဒါန်းမှုဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှတက်ကြွစွာဝိုင်းဝန်းကူညီပေးကြသော အလိုင်းရင့်စ်၏လေးစားရပါသောအထက်လူကြီးများနှင့် ချစ်ခင်တန်ဖိုးထားရပါသောဝန်ထမ်းများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

နောင်အနာဂတ်များတွင် အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမွဏီမှ ယခုကဲ့သို့လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

// Put this code snippet inside script tag // Put this code snippet inside script tag