၂၀၂၅ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးထိခိုက်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အသင်းဝင်ပေါင်း (၉၁၉) ဦးကို အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ၏ Social Benefitအစီအစဉ်အောက်မှ စုစုပေါင်းငွေကျပ်သိန်း (၅၀၀) နီးပါးခန့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါထောက်ပံ့မှုများကို ထိခိုက်မှုအဆင့်အတန်းအလိုက် စနစ်တကျချမှတ်ပြီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုထောက်ပံ့မှုသည် ဘေးဒဏ်ခံရသောအသင်းဝင်များ၏ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အကူအညီအထောက်အပံဖြစ်စေရန်နှင့် လူမှုအကျိုးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ဤထောက်ပံ့မှုအစီအစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာဒေသများသို့ ကိုယ်တိုင်သွားရောက်ခဲ့ကြသော အလိုင်းရင့်စ်မှ Regional Managerများ၊ Branch Managerများနှင့် ဝန်ထမ်းအဖွဲ့အားလုံး၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုပါသည်။ အသင်းဝင်များလည်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်ပြီး စီးပွားရေးနှင့် ဘဝအောင်မြင်မှုများလဲ အမြန်ဆုံး တိုးတက်နိုင်ပါစေကြောင်း အလိုင်းရင့်စ်မှ စာနာနားလည်စွာဖြင့် မေတ္တာရှေ့ထားဖော်ပြအပ်ပါသည်။ အလိုင်းရင့်စ်သည် အသင်းဝင်များ၏လူမှုစီးပွားရေးလုပ်ငန်းများအတွက် အားဖြည့်ပေးသည့် ငွေကြေးဝန်ဆောင်မှုပေးခြင်းသာမက လူမှုအကျိုးပြုလှုပ်ရှားမှုများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

// Put this code snippet inside script tag