အလိုင်းရင့်စ်(𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞)သည် မိမိတို့အသင်းဝင်များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးများကို စဉ်ဆက်မပြတ်မြှင့်တင်ပေးရန် လိုအပ်သောသင်တန်းများကို ပို့ချပေးလျှက်ရှိပါသည်။

ယခုအခါတွင် ပြီးခဲ့သော အောက်တိုဘာလ ၂၃၊ ၂၄နှင့် ၃၀ရက်နေ့များတွင် အလိုင်းရင့်စ်၏ရုံးချုပ်နှင့် ရုံးခွဲများရှိဝန်ထမ်းများအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(AML) အသိပညာပေးသင်တန်းကို လူတွေ့သင်ကြားရေးနှင့် အွန်လိုင်းသင်ကြားရေးစနစ်များဖြင့် အောင်မြင်စွာ ပို့ချပြီးစီးခဲ့ပါသည်။ သင်တန်းပို့ချရသောရည်ရွယ်ချက်မှာ ဝန်ထမ်းများအား ငွေကြေးခဝါချမှုဆိုင်ရာသိကောင်းစရာများ၊ ၎င်းတို့၏သက်ရောက်မှုများ၊ လုပ်ငန်းစဉ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့်နားလည်စေရန် ဖြစ်ပါသည်။

သင်တန်းအပြီးတွင် သင်တန်းသားများ၏နားလည်မှုနှင့်စွမ်းရည်များကို အကဲဖြတ်ရန်အတွက် မေးခွန်းများဖြင့် မေးမြန်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ဖြေဆိုသူများထဲမှ ထူးချွန်စွာဖြေဆိုနိုင်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုဆုများလည်း ချီးမြှင့်ပေးခဲ့ပါသည်။ဤသင်တန်းသို့ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသော အလိုင်းရင့်စ်၏ရုံးချုပ်နှင့်ရုံးခွဲများမှဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

// Put this code snippet inside script tag // Put this code snippet inside script tag