“အလိုင်းရင့်စ် (၁၀) နှစ်ပြည့်နှစ်ပတ်လည်မှာ စုငွေစုဆောင်းရင်းဆုမဲများကံစမ်းလိုက်ကြစို့”

အလိုင်းရင့်စ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သည် အလိုင်းရင့်စ်၏ ၁၀ နှစ်ပြည့်နှစ်လည်းဖြစ်ပါတယ်။  အလိုင်းရင့်စ်၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည်မှာ အသင်းဝင် Customer များအတွက် စုငွေများလျှင်မြန်စွာတိုးပွားလာစေဖို့ စုငွေအတိုးနှုန်း  ၁၀%pa မှ ၁၄% pa အထိ (စုငွေအမျိုးအစားနှင့် ကာလအလိုက်) ရယူနိုင်တဲ့အပြင် စုငွေစုဆောင်းရင်းဆုမဲများ ကံထူးနိုင်မည့် ကံစမ်းမဲ အစီစဉ် အကြောင်းသတင်းကောင်းပါးလိုပါတယ်။ 

ကံထူးနိုင်မည့်ဆုမဲများအနေဖြင့် 

  • Honda Wave Motorcycle (၂)စီး 
  • Iphone 15 Pro (၁) လုံး 
  • ရွှေ ၁ကျပ်သား (၁)ဆု 
  • ရွေ ၅မူးသား (၄)ဆု 
  • Samsung Phone (၄) လုံး 
  • ၅သိန်းကျပ် ငွေသားဆု (၄) ဆု 
  • Air cooler (၄) လုံး  

တို့ဖြစ်ပြီး  အလိုင်းရင့်စ် ၁၀နှစ်ပြည့် နှစ်ပတ်လည်မှာကျင်းပပြုလုပ်မည့် ငွေစုရင်းကံစမ်းနိုင်မည့်အစီအစဉ်မှာ မြင့်မားလှတဲ့စုငွေအတိုးနှုန်းများရယူပြီး ဆုမဲများကံထူးနိုင်ဖို့အတွက် အခုပဲ အလိုင်းရင့်မှာစုငွေစုဆောင်းဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ 

====================================================================

ငွေစုရင်းကံစမ်းနိုင်မည့်အစီအစဉ်မှာပါဝင်နိုင်ရန်အတွက်  

✦ အဖွဲ့လိုက်အသင်းသားများအတွက်စုငွေ 

စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (၂ သိန်းကျပ်နှင့်အထက်)၊ (၂၀၂၄ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၄အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၅ လ)  နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။ 

✦ တစ်ဦးချင်းအသင်းသားများအတွက်စုငွေ

စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (ကျပ်သိန်း ၂၀ နှင့် အထက်)၊  (၂၀၂၄ ဇွန်လ ၁ ရက်နေ့မှ  ၂၀၂၄အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၅ လ) နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။ 

✦ ရွှေအားမာန်အသင်းသားများအတွက်စုငွေ 

စိတ်ကြိုက်စုငွေအကောင့်တွင် သတ်မှတ်စုငွေ (ကျပ်သိန်း ၃၀ နှင့်အထက်)၊  (၂၀၂၄ ဇွန်လ ၁ ရက်နေ့မှ  ၂၀၂၄အောက်တိုဘာ ၃၁ရက်နေ့ အထိ) တစ်ဆက်တည်း စုငွေကာလ (၅ လ) နှင့်အထက်ရှိသူအသင်းဝင် Customer များသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရှိပါမည်။ 

ယခင်က အလိုင်းရင့်စ်၏ ငွေကြေးဝန်ဆောင်မှုရယူခဲ့ဖူးသော အသင်းဝင်များလည်း သတ်မှတ်ချက်များအတိုင်းပါဝင်ကံစမ်းနိုင်ပါတယ်။ 


စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။အလိုင်းရင့်စ်၏ငွေကြေးဝန်ဆောင်မှုရယူခဲ့ဖူးသူ (သို့) ရယူထားဆဲ အသင်းဝင် Customer ဖြစ်ရန်လိုအပ်ပြီး စိတ်ကြိုက်စုငွေအကောင့်အမျိုးအစား အားလုံးအတွက်အကျုံးဝင်ပါသည်။ 

၂။ဤကံစမ်းမဲကာလအတွင်း  မိမိနှစ်သက်ရာ စိတ်ကြိုက်စုငွေအကောင့်အမျိုးအစားတွင် ၂၀၂၄ဇွန်လ ၁ ရက်နေ့မတိုင်မီ သတ်မှတ်ငွေပမာဏရှိရန်လိုအပ်ပြီး ၂၀၂၄ အောက်တိုဘာ ၃၁ ရက် နေ့အထိ (၅ လ) နှင့်အထက်ရှိသော တစ်ဆက်တည်းစုငွေစာရင်းများသာ ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ 

၃။ငွေစုရင်း ကံစမ်းနိုင်မည့်အစီအစဉ်မှာပါဝင်တဲ့ဆုလက်ဆောင်များမှာ 

အဖွဲ့လိုက်အသင်းသားများအတွက် ကံထူးနိုင်မည့်ဆုမဲများ တစ်ဦးချင်းအသင်းသားများအတွက်ကံထူးနိုင်မည့်ဆုမဲများ ရွှေအားမာန်အသင်းသားများအတွက်ကံထူးနိုင်မည့်ဆုမဲများ 
Honda Wave Motorcycle (၁စီး) Honda Wave Motorcycle (၁စီး) ရွှေ ၁ကျပ်သား (၁ဆု) 
ရွှေ ငါးမူးသား (၂ဆု) ရွှေ ငါးမူးသား (၂ဆု) Iphone (၁လုံး) 
Samsung Phone (၂လုံး) Samsung Phone (၂လုံး)  
၅သိန်းကျပ် ငွေသားဆု (၂ဆု) ၅သိန်းကျပ် ငွေသားဆု (၂ဆု)  
Air Cooler (၂လုံး) Air Cooler (၂လုံး)  

၄။ကံထူးရှင်များအား ၂၀၂၄ နိုဝင်ဘာလတွင် မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ပြီး အလိုင်းရင့်စ်၏ Facebook စာမျက်နှာနှင့် အလိုင်းရင့်စ်ရုံးများတွင် ကြေညာပေးမည်ဖြစ်ပါသည်။ 

၅။ကံထူးသူ အသင်းဝင်အား ဆုရွေးချယ်ပြီးနောက် ဆုမဲထုတ်ယူရမည့် လိပ်စာအားအကြောင်းကြားပေးမည်ဖြစ်ပါသည်။

၆။ဆုရရှိသည့် ကံထူးရှင်များကို အလိုင်းရင့်စ်၏ Media Platform များတွင် ကြေညာရန် ကံထူးရှင်များ၏ (ဓာတ်ပုံနှင့်) အမည်များကို အသုံးပြုရန်အတွက် ဆုမဲကံထူးရှင်များမှသိရှိသဘောတူပါသည်။ 

၇။သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ နှင့် အလိုင်းရင့်စ်အနေဖြင့် ထိန်းချုပ်၍ မရသောအခြေအနေ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိသည်ဟုမှတ်ယူရမည်။ 

၈။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။