Alliance Internal Training(အသင်းသားများအား အကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းခွင်ကျင့်ဝတ်)

အလိုင်းရင့်စ်(𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞)သည် မိမိတို့အသင်းဝင်များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးများကို စဉ်ဆက်မပြတ်မြှင့်တင်ပေးရန် လိုအပ်သောသင်တန်းများကို ပို့ချပေးလျှက်ရှိပါသည်။

ထိုနည်းတူ ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ မေလနှင့် ဇွန်လများအတွင်း အလိုင်းရင့်စ်၏ရုံးခွဲမန်နေဂျာများနှင့် ငွေကြေးတာဝန်ခံဝန်ထမ်းများအတွက် “ အသင်းသားများအား အကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းခွင်ကျင့်ဝတ်” သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ သင်တန်း၏ အဓိကရည်ရွယ်ချက်များမှာ ဝန်ထမ်းများအား အသင်းသားများအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန်၊ နေ့စဉ်လုပ်ငန်းခွင်၌ တွေ့ကြုံရနိုင်သည့် ကိစ္စရပ်များကို ကျင့်ဝတ်နှင့်အညီ မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းတတ်စေရန်၊ အသင်းသားများအား မျှတပြီး ပွင့်လင်းမြင်သာသော ဝန်ဆောင်မှုများ ပေးအပ်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဖြစ်ပါသည်။

သင်တန်းကာလတစ်လျှောက်တွင် စာတွေ့ပို့ချချက်များသာမက ဝန်ထမ်းများ တက်ကြွစွာ ပါဝင်နိုင်မည့် အစီအစဉ်များလည်းပါဝင်ခဲ့ပြီး 𝐆𝐫𝐨𝐮𝐩 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧: အချင်းချင်း အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ 𝐂𝐚𝐬𝐞 𝐒𝐭𝐮𝐝𝐲 𝐒𝐞𝐜𝐭𝐢𝐨𝐧: လက်တွေ့ဘဝတွင် ဖြစ်ပေါ်နိုင်သော အခြေအနေများကို အတူတကွ ဆွေးနွေးအဖြေရှာခြင်းနှင့် 𝐐&𝐀 𝐒𝐞𝐜𝐭𝐢𝐨𝐧: မိမိတို့ သိရှိလိုသည်များကို ပွင့်လင်းစွာ မေးမြန်းဆွေးနွေး ဖြေကြားခြင်းများအစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။

ဤသင်တန်းမှတစ်ဆင့် အလိုင်းရင့်စ်၏ ဝန်ထမ်းများသည် အသိပညာများ တိုးပွားလာရုံသာမက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် လက်တွေ့ကျွမ်းကျင်မှုများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ အလိုင်းရင့်စ်(𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞)အနေဖြင့် ဝန်ထမ်းများအတွက် အကျိုးရှိစေမည့် သင်တန်းများနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

// Put this code snippet inside script tag // Put this code snippet inside script tag