About Alliance

မြန်မာနိုင်ငံ၏ တိုးတက်လာသော စီးပွားရေး အခွင့်အလမ်းနှင့် အသေးစားငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် ဦးဆောင်အဖွဲ့အစည်းဖြစ်လာစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂဆိုင်ရာ ( UNCDF ) အဖွဲ့အစည်း၏ ထောက်ပံ့ငွေဖြင့် စတင်ခဲ့ပြီး ဆွစ်ဇလန်နိုင်ငံအခြေစိုက် FIDES ငွေကြေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင် အိန္ဒိယနိုင်ငံမှ BASIX အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးလုပ်ငန်းကုမ္ပဏီတို့ပူးပေါင်းကာ အလိုင်းရင့်စ်အား ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ယခုအချိန်တွင် BOPA, INSITOR, IFU, AIIF စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်နှင့် အသေးစားငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် အလိုင်းရင့်စ်သည် ကျေးလက်နှင့် မြို့ပြရှိ လူ့အဖွဲ့အစည်းများနှင့် အသေးစားအလတ်စားလုပ်ငန်းရှင်များအား ပိုမိုကောင်းမွန်သောငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

အသင်းဝင်များအား ကာကွယ်ခြင်းဆိုင်ရာလူထုအကျိုးပြုလုပ်ကိုင်ရန်အတွက် Social Performance Task Force (USSPM) မှ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သော Smart Campaign အားဂရုပြုထောက်ခံကာ အလေးအနက်ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်ပါသည်။

ထိုသို့သောလုပ်ဆောင်ချက်များကို အလိုင်းရင့်စ်၏ MIX Market Page တွင်ရှာဖွေလေ့လာနိုင်ပါသည်။

Our Mission

အလိုင်းရင့်စ်သည် ဘဏ်များ၏ ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမမှီသည့် လုပ်ငန်းရှင်များ၊ အထူးသဖြင့် အမျိုးသမီးများ၏ လုပ်ငန်းများနှင့် မိသားစုလူနေမှုဘဝများကို တိုးမြှင့် တည်ဆောက်ပေးရန် အသင်းဝင်များ၏ အကျိုးစီးပွားကို ဦးစားပေးသည့်ငွေကြေးဝန်ဆောင်မှုအမျိုးမျိုးနှင့် ငွေရေးကြေးရေးပညာပေးခြင်း နည်းလမ်းများကို တာဝန်ယူမှုအပြည့်ရှိသည့်ဝန်ဆောင်မှုများပေးနေပါသည်။

Our Vision

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသနေ ဝင်ငွေနည်းပြည်သူများးကို ငွေကြေးဝန်ဆောင်မှုများနှင့် လူမှုရေးစောင့်ရှောက်မှုများပေးရာတွင် အရှေ့ဆုံးမှဦးဆောင်သည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်ရမည်။

Financial & Social Performance

 

As a committed social enterprise, Alliance is a double-bottom-line institution with a strong focus on both financial and social performance.

The institution’s strong financial performance can be seen through its financial statements here.

Alliance tracks its social performance through well-defined in indicators and targets, an annual social performance action plan, and regular social performance audits. A summary of the institution’s social performance can be found here.