• Alliance for MicroFinance In Myanmar

    Let's Build a Better Future Together

    Alliance responsibly offers a wide range of client-oriented financial services and financial education to unbanked entrepreneurs, particularly women entrepreneurs, to strengthen their businesses and family welfare.
112,302

Families Served

USD 35,006,000

Outstanding Loan Portfolio

USD 312

Average Loan Size

အလိုင်းရင့်စ်၏ ဝန်ဆောင်မှုများ

မဟာမိတ်ချေးငွေ

အဖွဲ့လိုက်ချေးငွေ

အလိုင်းရင့်စ်၏မဟာမိတ်ချေးငွေသည် အဖွဲ့ဝင် ၃-၆ ဦးခန့်ရှိသော အဖွဲ့များအား ချေးငွေဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ ချေးငွေပမာဏ – ၁၅၀,၀၀၀ ကျပ် မှ ၁,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေပေးခြင်းဖြင့် အသင်းဝင်များ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကြီးပွားစေရန် ဝန်ဆောင်မှုပေးပါသည်။ ဘဏ်များတွင် အာမခံပစ္စည်း လိုအပ်ချက်အား အဖွဲ့အတွင်း အပြန်အလှန် အာမခံခြင်းဖြင့် အသင်းဝင်များအတွက် အဆင်ပြေလွယ်ကူစေသည်။ ချေးငွေကာလ ၆ လ မှ ၁၂ လ အထိ ထားရှိနိုင်ပြီး နှစ်ပတ် တစ်ကြိမ် (သို့မဟုတ်) တစ်လ တစ်ကြိမ် ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှုသည် အသင်းဝင်များ၏ နေ့စဉ်လုပ်ငန်းအား ထိခိုက်မှုမရှိပဲ အဆင်ပြေလွယ်ကူစေသည်။

ရွှေရောင်အနာဂါတ် ချေး‌ငွေ

တစ်ဦးချင်း ချေးငွေ

အလိုင်းရင့်စ်၏ ရွှေရောင်အနာဂါတ်ချေးငွေ ဝန်ဆောင်မှုသည် အသေးစားအလတ်စားလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်သည်။ ချေးငွေကာလ ၆ လ မှ ၂၄ လ အတွင်း ရရှိနိုင်ပြီး ချေးငွေပမာဏ ၁,၀၀၀,၀၀၀ မှ ၁၀,၀၀၀,၀၀၀ အထိ ရယူနိုင်ကာ သက်သာသော အတိုးနှုန်းများဖြင့် လွယ်ကူ ကောင်းမွန်စွာ ရယူနိုင်သော ချေးငွေ ဝန်ဆောင်မှု ဖြစ်ပါသည်။

တို့တောင်သူချေးငွေ

တောင်သူအဖွဲ့လိုက်ချေးငွေ

အလိုင်းရင့်စ်၏တို့တောင်သူချေးငွေဝန်ဆောင်မှုသည် မဟာမိတ်ချေးငွေ၏ အခြေခံစည်းမျှဉ်းများ (ချေးငွေကာလ၊ ချေးငွေပမာဏ) နှင့် တူညီမှုရှိသော်လည်း ချေးငွေ ပြန်ဆပ်မှုပုံစံအား တောင်သူလယ်သမားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ဖန်တီးထားသော ဝန်ဆောင်မှု ဖြစ်ပါသည်။ ကောက်ရိတ်သိမ်းချိန်တွင် အသင်းဝင်များ အနေနှင့် ချေးငွေကာလ၏ နောက်ဆုံး နှစ်ကြိမ်တွင်သာ ချေးငွေအရင်းအား တစ်လတစ်ကြိမ်ဆီ ပေးဆပ်နိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည်။ တို့တောင်သူချေးငွေသည် တောင်သူလယ်သမားများအတွက် သီးနှံမျိုးစေ့များ ဝယ်ယူစိုက်ပျိုးခြင်းနှင့် အရေးကြီးသော အသုံးစရိတ်များ သုံးစွဲနိုင်ရန် အထောက်အကူပြုသည်။

ရွှေသီးနှံချေးငွေ

တောင်သူတစ်ဦးချင်း ချေးငွေ

အလိုင်းရင့်စ်၏ရွှေသီးနှံချေးငွေဝန်ဆောင်မှုသည် အသေးစားလုပ်ငန်းရှင်တောင်သူလယ်သမားများ လိုအပ်သောရင်းနှီးမြုပ်နှံမှုများ ပြန်လုပ်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ ချေးငွေ ပမာဏ ၇၀၀,၀၀၀ မှ ၅,၀၀၀,၀၀၀ အထိရှိပြီး ချေးငွေပြန်ဆပ်မှုပုံစံသည် ကောက်ရိတ်သိမ်းချိန်နှင့် ကိုက်ညီအောင် ဖန်တီးထားသော ဝန်ဆောင်မှု ဖြစ်သည်။

သပြေစုငွေ

အသင်းဝင်များအနေနှင့် အလိုင်းရင့်စ်၏ရုံးခွဲတိုင်းတွင် လွယ်ကူစွာရယူနိုင်သော စုငွေ ဝန်ဆောင်မှုဖြစ်ပါသည်။ စုငွေအနည်းအများမဆို နှစ်စဉ်အတိုးနှုန်း ၁၀ % ဖြင့် ရယူနိုင်သော ဤစုငွေဝန်ဆောင်မှုသည် အသင်းဝင်များ၏နေ့စဉ်ငွေကြေးစီမံမှုတွင် အထောက်အကူပြုသော ဝန်ဆောင်မှုဖြစ်ပါသည်။

စံပယ်စုငွေ

အလိုင်းရင့်စ်၏စံပယ်စုငွေဝန်ဆောင်မှုသည် အသင်းဝင်များ၏ ချေးငွေကာလအတိုင်း ငွေစုနိုင်သော ဝန်ဆောင်မှုဖြစ်သည်။ အသင်းဝင်များ အနေနှင့် ချေးငွေကာလအတိုင်း ပုံမှန်ငွေစုသွားပါက နှစ်စဉ်အတိုးနှုန်း  ၁၄ % အထိ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

ပိတောက်စုငွေ

ကာလအပိုင်းအခြားဖြင့် စုငွေစုဆောင်းလိုသည့် အသင်းဝင်များအနေဖြင့် စုဆောင်းနိုင်ပါသည်။ စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားပေါ်မူတည်၍အတိုးရာခိုင်နှုန်း အမြင့်မားဆုံးရရှိမည်ဖြစ်ပါသည်။ အပ်နှံထားနိုင်သည့် အတိုးနှုန်းများမှာ (၄လမှ ၈လ)အထိ အတိုးနှုန်း ၁၂%၊ (၉လမှ ၁၂လ)အထိ အတိုးနှုန်း ၁၃% နှင့် (၁၃လမှ ၂၄လ)အထိ အတိုးနှုန်း ၁၄%တို့ရရှိမည်ဖြစ်ပါသည်။

Financial Education

 Alliance works with clients to improve their financial literacy and better manage their money. Financial education messages are built into all loan processes, using flip charts, illustrated stories and videos to pass on important lessons. This approach ensures all clients receive financial education starting from their first interactions with Alliance while reducing spent in extra training sessions. For small enterprise clients, Alliance also offers additional business management workshops for entrepreneurs who want to develop their business to the next level.

Our Partners

လတ်တလော လုပ်ဆောင်ချက်များ

ချမ်းမြသာစည်ရုံးခွဲအားနေရာပြောင်းရွေ့ဖွင့်လှစ်ခြင်း

မန္တလေးမြို့အခြေစိုက် အလိုင်းရင့်စ် မြန်မာအသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏  ချမ်းမြသာစည်ရုံးကို ၁၀၈လမ်း၊ ၇၀လမ်းနှင့် ၇၁လမ်းကြား ချမ်းမြသာစည်မြို့နယ် သို့

Read More »

ဈေးချိုရုံးခွဲအားနေရာပြောင်းရွေ့ဖွင့်လှစ်ခြင်း

မန္တလေးမြို့အခြေစိုက် အလိုင်းရင့်စ် မြန်မာအသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏  ဈေးချိုရုံးကို အမှတ်(114)၊ ၂၅လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြား သီရိမင်္ဂလာအရှေ့

Read More »

ပျော်ဘွယ်ရုံးခွဲအားနေရာပြောင်းရွေ့ဖွင့်လှစ်ခြင်း

မန္တလေးမြို့အခြေစိုက် အလိုင်းရင့်စ် မြန်မာအသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏  ပျော်ဘွယ်ရုံးကို အမှတ်(၁၁၂)၊ ရွေပြည်ရန်အောင်ရပ်ကွက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ်ထားပါကြောင်းအသင်းဝင်များအားအသိပေးအကြောင်းကြားအပ်ပါသည်။ 

Read More »

နတ်မောက်ရုံးခွဲအားနေရာပြောင်းရွေ့ဖွင့်လှစ်ခြင်း

မန္တလေးမြို့အခြေစိုက် အလိုင်းရင့်စ် မြန်မာအသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏  နတ်မောက်ရုံးကို အမှတ်(၂၁)၊ ရန်အောင်မြင်လမ်း၊ ရန်အောင်မြင်ရပ်ကွက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ်ထားပါကြောင်းအသင်းဝင်များအားအသိပေးအကြောင်းကြားအပ်ပါသည်။ 

Read More »

မကွေးရုံးခွဲအားနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း

မန္တလေးမြို့အခြေစိုက် အလိုင်းရင့်စ် မြန်မာအသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏  မကွေးရုံးကို အမှတ်(၂၃၄)၊ ၁၃လမ်းရန်ကျော်ရပ်ကွက် သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ်ထားပါကြောင်းအသင်းဝင်များအားအကြောင်းကြားအပ်ပါသည်။ 

Read More »

FINANCIAL EDUCATION

ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှန်ကန်စွာချမှတ်နိုင်ဖို့

ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်နဲ့အမျှ ငွေကြေးသုံးစွဲဖို့အတွက် ဆုံးဖြတ်ချက်တွေချရပါတယ်… ငွေကြေးသုံးစွဲတဲ့အခါ အမှန်တကယ်ကုန်ကျသင့်တဲ့ သုံးစွဲမှုဖြစ်ဖို့လိုပါတယ်… သို့မှသာ မိမိငွေကြေးကို စုဆောင်းငွေအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပြီး၊ စုဆောင်းငွေမှတစ်ဆင့် လိုအပ်သောရင်းနှီးမြှုပ်နှံမှုသို့ရောက်ရှိမှာဖြစ်ပါတယ်… ငွေကြေးသုံးစွဲရာမှာ လိုအပ်တာထက်အပိုကုန်ကျ စေတာကဘယ်အချက်တွေကြောင့်ပါလဲ? -စိတ်ခံစားမှုကြောင့်ဝယ်ယူခြင်း? -မိမိ၏ အမူအကျင့်ကြောင့်ဝယ်ယူခြင်း? -နောက်ဆုံးပေါ် ပစ္စည်းတွေကိုသုံးစွဲချင်တာကြောင့်ဝယ်ယူခြင်း? -ကြော်ငြာ၊ ပရိုမိုးရှင်းတွေကြောင့်ဝယ်ယူခြင်း? -လျော့‌ေစျးရရှိခြင်းကြောင့်ဝယ်ယူခြင်း? -တစ်ပါးသူ အထင်ကြီးလိုမှုကြောင့် ဝယ်ယူခြင်း? -Branded ဖြစ်ခြင်းကြောင့်ဝယ်ယူခြင်း? ဖော်ပြပါအချက်များထဲမှ ဘယ်အချက်ကြောင့် မလိုအပ်ဘဲငွေကြေးကုန်ကျမှုရှိခဲ့သည်ဟု သုံးသပ်မိပါသလဲ? ဘယ်အချက်တွေကြောင့်ဘဲဖြစ်ပါစေ ငွေကြေးတစ်ရပ်သုံးစွဲမယ်လို့ ရည်ရွယ်တဲ့အခါ အမှန်တကယ်ကုန်ကျသင့်တဲ့အရာလား/ အမှန်တကယ်မကုန်ကျသင့်တဲ့ အရာလားဆိုတာကိုတော့ လက်တွေ့ကျကျ ပြန်လည်ဆန်းစစ်မှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မှာဖြစ်ပါတယ်…

အနာဂတ်မှာ ခိုင်မာတောင့်တင်းသော ငွေကြေးတစ်ရပ်ပိုင်ဆိုင်နိုင်ဖို့အထောက်အကူဖြစ်စေမည့် ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

၁. စာရင်းဇယားပြုလုပ်ပါ။ စာရင်းဇယားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိ၏ဝင်ငွေနှင့် အသုံးစရိတ်အချိုးကို တိတိကျကျမှတ်တမ်းများရရှိနိုင်ဖို့ဖြစ်ပါတယ်။ သို့မှသာ မိမိ၏ ဝင်ငွေနဲ့သုံးငွေစာရင်း မည်မျှရှိသည်ကို ပြန်လည်ဆန်းစစ်နိုင်ပြီး မလိုအပ်သော သုံစွဲမှုများကိုလျော့ချနိုင်မှာဖြစ်ပါတယ်.. ၂.မလိုအပ်သောသုံးစွဲမှု နှင့် လိုအပ်သောသုံးစွဲမှုကို ကွဲပြားစွာသိပါစေ။ မလိုအပ်သောသုံးစွဲမှု နှင့် လိုအပ်သောသုံးစွဲမှုကို ကွဲပြားစွာသိမြင်ခြင်းဖြင့် မည်သည့်အရာကို အမှန်တစ်ကယ် သုံးစွဲရန်လိုအပ်သည်၊ မည်သည့်အရာကို ချွေတာစုဆောင်းနိုင်မည်ကို နားလည်လာမည်ဖြစ်ပါသည်။ *ဖျော်ဖြေရေးကုန်ကျစရိတ်များ၊ အိမ်သုံးမီတာခများ၊ အင်တာနက်ဘေလ်များ၊ ခရီးသွားလာစရိတ်များနှင့်လက်ရှိတွင် မိမိအမှန်တကယ်မလိုအပ်သေးသောအရေးမကြီးသောအ‌သုံးစရိတ်များလျော့ချပါ။ ***(လောင်းကစားများ၊ မူးယစ်ဆေးဝါးများအထူးရှောင်ကျဉ်ပါ။)*** သို့မှသာ မိမိအတွက် အမှန်တကယ်လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊နေထိုင်ရေးနှင့် အနာဂတ်စုဆောင်းငွေအတွက် ငွေပိုထွက်ရှိလာမည်ဖြစ်ပါသည်။ ၃- ကြွေးမြီများကိုစောလျင်စွာပေးဆပ်ပါ။ အတိုးနှုန်းများသည့် ကြွေးမြီများနှင့် ပေးဆပ်ရန်အချိန်ရောက်ရှိလာသောချေးငွေများကို ဉီးစားပေး ပေးဆပ်ပါ။ ကြွေးမြီများဆပ်သည့်အခါတွင် နှစ်ဉီးနှစ်ဘက် ယုံကြည်မှုနှင့်တည်ဆောက်ထားသည့်ဆက်ဆံရေးမပျက်စီးစေဖို့ ဂရုပြုပါ။ ဒါ့အပြင် ဘဏ်(သို့) ချေးငွေကုမ္ပဏီ နှင့် အခြားသူများထံမှ ချေးငွေကိုမရသေးခင်မှာ ငွေကြေးကြိုတင်သုံးစွဲတာမျိုးမလုပ်သင့်ပါဘူး... ချေးငွေရရှိတဲ့အခါမှာလဲ စနစ်တကျအသုံးပြုသင့်ပါတယ်…. ၄- စုဆောင်းငွေထားရှိရန်ပုံမှန်အလေ့အကျင့်မွေးမြူပါ။ ထားရှိမည့်စုဆောင်းငွေပမာဏ နှင့် အချိန်ကာလတစ်ခုကိုသတ်မှတ်ထားပါ။ ဉပမာ - တစ်ပတ် ၅၀၀၀ ကျပ် ပုံမှန်စုဆောင်းလျှင် နှစ်တစ်နှစ် ကုန်ဆုံးသည့်အခါ ငွေပမာဏ (၂၆၀,၇၁၄ ကျပ်) စုမိမည်ဖြစ်သည်။ ဖော်ပြပါအလေ့အကျင့်ကောင်းတွေကျင့်သုံးမှသာ အနာဂတ်မှာ ခိုင်မာတဲ့ငွေကြေးတစ်ရပ်ပိုင်ဆိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။

ချေးငွေကိုဘယ်နေရာမှာအသုံးချသင့်သလဲ?

အသုံးချချေးငွေရယူခြင်းဆိုတာ လိုအပ်တဲ့ငွေပမာဏကို တစ်နေရာထဲမှာ တစ်လုံးတစ်ခဲ ရရှိနိုင်ပြီး ရထားတဲ့ငွေပမာဏကိုလည်း နည်းနည်းချင်းစီခွဲပြီးတော့အတိုးနှင့်တကွ ပုံမှန်ပေးဆပ်ရတာဘဲဖြစ်ပါတယ်။ ချေးငွေယူတဲ့အခါမှာ ကောင်းကျိုး/ဆိုးကျိုး တွေရှိပါတယ်။ ကောင်းကျိုး - လုပ်ငန်းတိုးချဲ့တဲ့အခါ ရင်းနှီးဖို့အတွက်‌ ငွေလုံးငွေရင်းလိုအပ်ပါတယ်။ လိုအပ်တဲ့အရင်းနှီး တစ်ခုရဖို့ ငွေကို နည်းနည်းချင်းစီစုဆောင်းခြင်းဟာ အချိန်တွေများစွာပေးရတတ်တာကြောင့် အတိုးနှုန်းသက်သာတဲ့ ချေးငွေရယူခြင်းဟာ လိုအပ်နေတဲ့ အရင်းအနှီးကို မြန်ဆန်စွာရရှိစေပြီး ရင်းနှီးမြှပ်နှံမှုများပြုလုပ်ကာ အကျိုးအမြတ်များရရှိစေပါတယ်။ ဆိုလိုတာက အရင်းနှီးတစ်ခု ရအောင် စုဆောင်းဖို့ အချိန်ပေးနေစရာမလိုဘဲ လွယ်ကူစွာလုပ်ငန်းတိုးချဲ့နိုင်မှာဖြစ်ပါတယ်။ ဆိုးကျိုး - ချေးငွေကို လွဲမှားစွာအသုံးချတဲ့အခါ အကြွေးနွံနစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ လူမှုရေးပြသနာများနှင့် အခြားသောနောက်ဆက်တွဲပြဿနာများအပြင် မိမိဂုဏ်သိက္ခာလည်း ညှိုးနွမ်းစေမှာဖြစ်ပါတယ်။ ဒါဆိုချေးငွေကိုဘယ်လိုအသုံးချရမလဲ? ချေးငွေရယူပြီးတဲ့အခါ သတိထားရမည့်အချက်ကတော့ လွဲမှားတဲ့ အသုံးပြုမှုတွေမဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်ချေးငွေရယူတဲ့အခါ ကောင်းမွန်တဲ့ရည်ရွယ်ချက်ထားရှိပြီး စနစ်တကျသုံးစွဲရမှာဖြစ်ပါတယ်။ သို့မှသာ မိမိရည်ရွယ်ချက်လဲအောင်မြင်တဲ့အပြင် ချေး‌ငွေကုန်ကျစရိတ်ကို လွယ်ကူစွာဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ချေးငွေရယူပြီးတဲ့အခါ.... - မိမိလုပ်ငန်းအတွက်တိုးချဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း - စိုက်ပျိုးရေးလုပ်ငန်းအတွက်တိုးချဲ့ခြင်း၊ မြေဩဇာများဝယ်ယူခြင်း - တနိုင်တပိုင် လုပ်ဆောင်နိုင်သောလုပ်ငန်းများကိုတိုးချဲ့လုပ်ကိုင်ခြင်း - မွေးမြူရေးအတွက်အသုံးချခြင်း - ကုန်စည် နှင့်ဝန်ဆောင်မှု လုပ်ငန်းများတိုးချဲ့ရာတွင်အသုံးချခြင်း စသော မိမိလုပ်ငန်းနဲ့သက်ဆိုင်တဲ့ နေရာတွေမှာသာအသုံးချသင့်ပါတယ်