မဟာမိတ်ချေးငွေ

အဖွဲ့လိုက်ချေးငွေ

သတ်မှတ်ထားသောစည်းမျဉ်းများ

  • အသက် ၁၈-၆၀ ဖြစ်ပြီး(အသင်းသားအဟောင်းများအတွက် ၁၈-၆၂ နှစ် အထိခွင့်ပြုပါသည်?)
  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • လုပ်ငန်းသက်တမ်းအနည်းဆုံး (၁) နှစ်ရှိရမည်။
  • အသင်းဝင်များသည် တစ်ရွာတည်း (သို့) တစ်ရပ်ကွက်တည်းတွင်နေထိုင်ပြီး အချင်းချင်းသိထားသူဖြစ်ရမည်။
  • အသင်းသားအသစ်သည် အိမ်ငှားဖြင့်နေထိုင်လျှင် ၎င်းအသင်းသားအသစ်သည် လက်ရှိအိမ်တွင် အနည်းဆုံး (၁) နှစ်နေထိုင်သူဖြစ်ရမည်

လိုအပ်သည့်စာရွက်စာတမ်းများ

  • မှတ်ပုံတင်မိတ္တူ
  • ပုံစံ (၁၀) အိမ်ထောင်စုစာရင်းမိတ္တူ
  • နိုင်ငံသားမှတ်ပုံတင် (သို့) အိမ်ထောင်စုစာရင်း နှစ်မျိုးတွင် တစ်ခုခု‌ပျောက်ဆုံးနေပါက ရပ်ကွက်ထောက်ခံစာဖြင့်အသုံးပြုနိုင်သည်။ သို့သော် နှစ်မျိုးလုံးအတွက် ထောက်ခံစာဖြင့်မရပါ။
  • လခစားဝန်ထမ်းအသင်းသားသည် မိမိ၏ ကုမ္ပဏီမန်နေဂျာ (သို့) အကြီးအကဲတစ်ဦးဦး၏ ထောက်ခံစာယူရပါမည်။