LATEST ANNOUNCEMENTS

10+Years Loyal Service Recognition & Pre-Thingyan Pay-Homage Ceremony

𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫၏ အောင်မြင်မှုခရီးလမ်းတွင် သစ္စာရှိစွာဖြင့် တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည့် (၁၀)နှစ်နှင့်အထက်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်အကြို “ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐚𝐦အား ရေကန်တော့ပွဲ” အခမ်းအနားကို အလိုင်းရင့်စ်ရုံးချုပ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ပွဲအခမ်းအနားတွင် အကြီးအကဲများအား ဝန်ထမ်းများမှ “ ဩကာသကန်တော့ချိုး” ဖြင့် ရိုသေစွာ ဂါရဝပြုကန်တော့ကြပြီး လူကြီးများမှ “ သပြေခက်” ဖြင့် အတာရေပက်ဖြန်းကာ နှစ်သစ်မင်္ဂလာဆုတောင်းစကားများ ပြန်လည်ပြောကြားပေးခဲ့ပါသည်။
အလိုင်းရင့်စ်၏𝐂𝐄𝐎မှလည်း နှစ်သစ်ကူးဆုတောင်းနှင့် ဝန်ထမ်းများအား ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ ထို့နောက် အလိုင်းရင့်စ်၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော လုပ်သက်(၁၀)နှစ်နှင့်အထက် ဝန်ထမ်း(၅၆)ဦးအား 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐚𝐦မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အထူးတလည် အသိအမှတ်ပြုဂုဏ်ပြုခဲ့ပါသည်။

မင်္ဂလာရှိသော အတာသင်္ကြန်ကာလအကြိုတွင် အလိုင်းရင့်စ်မိသားစုဝင်များ ဆုံဆည်းကြပြီး သင်္ကြန်အကအလှများဖြင့်ဖျော်ဖြေခြင်း၊ ရွှေမိုးငွေမိုးရွာသွန်းခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် ရွှေရင်အေးစတုဒီသာများ ပျော်ရွှင်စွာ သုံးဆောင်ရင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞သည် ပျှော်ရွှင်နွေးထွေးစွာဖြင့် နောက်ထပ်ဆယ်စုနှစ်များစွာကိုလည်း အတူတကွရှေ့သို့ဆက်လက်လှမ်းချီသွားမည်ဖြစ်ပါသည်။