လယ်ယာထုတ်ကုန်များ ဈေးကွက်ရရှိမှုမြှင့်တင်ခြင်းပွဲ

𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞နှင့် 𝐂𝐄𝐒𝐕𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫တို့ ပူးပေါင်းဆောင်ရွက်သည့် လယ်ယာထုတ်ကုန်များ ဈေးကွက်ရရှိမှုမြှင့်တင်ခြင်းပွဲ(𝐌𝐚𝐫𝐤𝐞𝐭 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐚𝐧𝐝 𝐋𝐢𝐧𝐤𝐚𝐠𝐞 𝐄𝐯𝐞𝐧𝐭)များကို ၂၀၂၆ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့၊ ကျောက်ဆည်ဟိုတယ်နှင့် မတ်လ(၁၈)ရက်နေ့တွင် မန္တလေးမြို့၊ 𝐒𝐰𝐚𝐥𝐥𝐨𝐰 𝐇𝐨𝐭𝐞𝐥များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ကနဦးအစတွင် 𝐂𝐄𝐒𝐕𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫၏ ပညာရှင်များဖြစ်တဲ့ ဆရာဦးမျိုးမင်းအောင်နှင့် ဆရာဦးမျိုးကျော်လှိုင်တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခြင်းနှင့် ဆွေးနွေးပွဲရည်ရွယ်ချက်များ၊ ဈေးကွက်အတွင်းရှိ တောင်သူများနှင့် ကုန်သည်ပွဲရုံများမှ ရယူထားသော စစ်တမ်းကောက်ယူချက်များကို ရှင်းလင်းဖော်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အလိုင်းရင့်စ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ချိုချိုဝင်းမှ အလိုင်းရင့်စ်ကုမ္ပဏီအကြောင်းနှင့် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ််များအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုပွဲများတွင် တံတားဦးမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များရှိ တောင်သူလုပ်ငန်းရှင်များနှင့် ကုန်သည်ပွဲရုံများမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ပွင့်လင်းရင်းနှီးစွာဆွေးနွေးကြခြင်း၊ ဈေးကွက်အနေအထားနှင့် သီးနှံများ၏အရည်အသွေးစံချိန်စံညွှန်း၊ စိန်ခေါ်မှုအခက်အခဲများ တင်ပြကြခြင်းများကို ပြုလုပ်ခဲ့ပါသည်။ 𝐂𝐄𝐒𝐕𝐈အဖွဲအစည်းမှလည်း တောင်သူလုပ်ငန်းရှင်များ၏ထုတ်ကုန်များ ဈေးကောင်းရရှိစေရန်၊ ကုန်သည်ပွဲရုံများမှ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်နိုင်မှုအပေါ် ဆွေးနွေးခြင်းနှင့် အကြုံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုနောက် အကြံပြုချက်များအား အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ အစည်းအဝေးမှတ်တမ်းပြုစုခြင်း၊ အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထိုနေ့များတွင် တက်ရောက်ပါဝင်ပေးခဲ့ကြသော 𝐂𝐄𝐒𝐕𝐈အဖွဲ့အစည်းမှ ဆရာနှင့်ဆရာမများ၊ အလိုင်းရင့်စ်မှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသော အသင်းဝင်တောင်သူများနှင့် ကုန်သည်ပွဲရုံများမှ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလဲ ကျေးဇူးအထူးပင်တင်ရှိပါသည်။

// Put this code snippet inside script tag // Put this code snippet inside script tag