အလိုင်းရင့်စ်အကြောင်း
မြန်မာနိုင်ငံ၏ တိုးတက်လာသော စီးပွားရေး အခွင့်အလမ်းနှင့် အသေးစားငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် ဦးဆောင်အဖွဲ့အစည်းဖြစ်လာစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂဆိုင်ရာ ( UNCDF ) အဖွဲ့အစည်း၏ ထောက်ပံ့ငွေဖြင့် စတင်ခဲ့ပြီး ဆွစ်ဇလန်နိုင်ငံအခြေစိုက် FIDES ငွေကြေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင် အိန္ဒိယနိုင်ငံမှ BASIX အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးလုပ်ငန်းကုမ္ပဏီတို့ပူးပေါင်းကာ အလိုင်းရင့်စ်အား ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
ယခုအချိန်တွင် BOPA, INSITOR, IFU, AIIF စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်နှင့် အသေးစားငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် အလိုင်းရင့်စ်သည် ကျေးလက်နှင့် မြို့ပြရှိ လူ့အဖွဲ့အစည်းများနှင့် အသေးစားအလတ်စားလုပ်ငန်းရှင်များအား ပိုမိုကောင်းမွန်သောငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
အလိုင်းရင့်စ် သည် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိစွာ ငွေရေးကြေးရေးဝန်ဆောင်မှု ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အလိုင်းရင့်စ်သည် အသင်းသားများအား အကာအကွယ်ပေးရေး ဥပဒေများကို ဂုဏ်ယူစွာ ထောက်ခံပြီး၊ Social Performance Task Force မှ သတ်မှတ်ထားသော လူမှုစွမ်းဆောင်ရည် စီမံခန့်ခွဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များ နှင့် အပြည့်အဝ ကိုက်ညီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ကျင့်ဝတ်ကောင်းသော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် ကိုက်ညီစေရန် Triple Bottom Line မူဝါဒကို လိုက်နာကာ ဘဏ္ဍာရေး စွမ်းဆောင်ရည်၊ လူမှုဆိုင်ရာ တာဝန်ယူမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု သုံးမျိုးလုံးကို ညီမျှစွာ စီမံဆောင်ရွက်လျက်ရှိပါသည်။ ထို့နောက် အဖွဲ့အစည်း၏ ရေရှည်တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်ပေးနိုင်ရေးနှင့် အဖွဲ့အစည်း၏ ခိုင်မာတည်မြဲမှု တိုးမြှင့်ရေး တို့ကို ရည်ရွယ်ပါသည်။
ထို့အပြင် အသင်းသားအခြေပြု ငွေရေးကြေးရေးဝန်ဆောင်မှုများကို တိုးတက်စေရန်၊ ဝန်ထမ်းများ၏ လူမှု၊စီးပွားကောင်းမွန်မှုကို မြှင့်တင်ပေးရန်နှင့် အလိုင်းရင့်စ်၏ ဝန်ဆောင်မှုများမှ လူမှုအသိုင်းအဝိုင်းအား ကောင်းကျိုးများ ပိုမိုရရှိစေရန် အဆင့်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် အလိုင်းရင့်စ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လုပ်ငန်းများအား ငွေကြေးထောက်ပံ့ခြင်းမှ ရှောင်ကြဉ်ပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လုပ်ငန်းများကိုသာ ပံ့ပိုးကူညီလျက်ရှိပါသည်။ ထို့အပြင် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး အတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် SPI4 စစ်ဆေးမှုရလဒ်များသည် အဖွဲ့အစည်း၏ USSEPM စံနှုန်းများအတိုင်း လူမှုစွမ်းဆောင်ရည် စီမံခန့်ခွဲမှုအပေါ် တာဝန်ယူမှုကို ပြသထားပြီး၊ အောက်ပါ link မှာ ကြည့်ရှုနိုင်ပါသည်။
Our Mission
အလိုင်းရင့်စ်သည် ဘဏ်များ၏ ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမမှီသည့် လုပ်ငန်းရှင်များ၊ အထူးသဖြင့် အမျိုးသမီးများ၏ လုပ်ငန်းများနှင့် မိသားစုလူနေမှုဘဝများကို တိုးမြှင့် တည်ဆောက်ပေးရန် အသင်းဝင်များ၏ အကျိုးစီးပွားကို ဦးစားပေးသည့်ငွေကြေးဝန်ဆောင်မှုအမျိုးမျိုးနှင့် ငွေရေးကြေးရေးပညာပေးခြင်း နည်းလမ်းများကို တာဝန်ယူမှုအပြည့်ရှိသည့်ဝန်ဆောင်မှုများပေးနေပါသည်။
Our Vision
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသနေ ဝင်ငွေနည်းပြည်သူများးကို ငွေကြေးဝန်ဆောင်မှုများနှင့် လူမှုရေးစောင့်ရှောက်မှုများပေးရာတွင် အရှေ့ဆုံးမှဦးဆောင်သည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်ရမည်။