အလိုင်းရင့်စ်၏ ဝန်ဆောင်မှုများ

မဟာမိတ်ချေးငွေ

အဖွဲ့လိုက်ချေးငွေ

အလိုင်းရင့်စ်၏မဟာမိတ်ချေးငွေသည် အဖွဲ့ဝင် ၃-၆ ဦးခန့်ရှိသော အဖွဲ့များအား ချေးငွေဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ ချေးငွေပမာဏ – ၁၅၀,၀၀၀ ကျပ် မှ ၁,၅၀၀,၀၀၀ ကျပ်အထိ ချေးငွေပေးခြင်းဖြင့် အသင်းဝင်များ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကြီးပွားစေရန် ဝန်ဆောင်မှုပေးပါသည်။ ဘဏ်များတွင် အာမခံပစ္စည်း လိုအပ်ချက်အား အဖွဲ့အတွင်း အပြန်အလှန် အာမခံခြင်းဖြင့် အသင်းဝင်များအတွက် အဆင်ပြေလွယ်ကူစေသည်။ ချေးငွေကာလ ၆ လ မှ ၁၂ လ အထိ ထားရှိနိုင်ပြီး နှစ်ပတ် တစ်ကြိမ် (သို့မဟုတ်) တစ်လ တစ်ကြိမ် ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှုသည် အသင်းဝင်များ၏ နေ့စဉ်လုပ်ငန်းအား ထိခိုက်မှုမရှိပဲ အဆင်ပြေလွယ်ကူစေသည်။

ရွှေရောင်အနာဂါတ် ‌ချေးငွေ

တစ်ဦးချင်း ချေးငွေ

အလိုင်းရင့်စ်၏ ရွှေရောင်အနာဂါတ်ချေးငွေ ဝန်ဆောင်မှုသည် အသေးစားအလတ်စားလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်သည်။ ချေးငွေကာလ ၆ လ မှ ၂၄ လ အတွင်း ရရှိနိုင်ပြီး ချေးငွေပမာဏ ၁,၀၀၀,၀၀၀ မှ ၁၀,၀၀၀,၀၀၀ အထိ ရယူနိုင်ကာ သက်သာသော အတိုးနှုန်းများဖြင့် လွယ်ကူ ကောင်းမွန်စွာ ရယူနိုင်သော ချေးငွေ ဝန်ဆောင်မှု ဖြစ်ပါသည်။

တို့တောင်သူချေးငွေ

တောင်သူအဖွဲ့လိုက်ချေးငွေ

အလိုင်းရင့်စ်၏တို့တောင်သူချေးငွေဝန်ဆောင်မှုသည် မဟာမိတ်ချေးငွေ၏ အခြေခံစည်းမျဉ်းများ (ချေးငွေကာလ၊ ချေးငွေပမာဏ) နှင့် တူညီမှုရှိသော်လည်း ချေးငွေ ပြန်ဆပ်မှုပုံစံအား တောင်သူလယ်သမားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ဖန်တီးထားသော ဝန်ဆောင်မှုဖြစ်ပါသည် ။ ကောက်ရိတ်သိမ်းချိန်တွင် အသင်းဝင်များ အနေနှင့် ချေးငွေကာလ၏ နောက်ဆုံး နှစ်ကြိမ်တွင်သာ ချေးငွေအရင်းအား တစ်လတစ်ကြိမ် ပေးဆပ်နိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည်။ ချေးငွေပမာဏ ၁၅၀,၀၀၀ မှ ၁,၅၀၀,၀၀၀ အထိ ရယူနိုင်ကာ သက်သာသော အတိုးနှုန်းများဖြင့် လွယ်ကူစွာ ရယူနိုင်သော ချေးငွေဝန်ဆောင်မှု ဖြစ်ပါသည်။ တို့တောင်သူချေးငွေသည် တောင်သူလယ်သမားများအတွက် သီးနှံမျိုးစေ့များ ဝယ်ယူစိုက်ပျိုးခြင်းနှင့် အရေးကြီးသော အသုံးစရိတ်များ သုံးစွဲနိုင်ရန် အထောက်အကူပြုသည်။

ရွှေသီးနှံချေးငွေ

တောင်သူတစ်ဦးချင်း ချေးငွေ

အလိုင်းရင့်စ်၏ရွှေသီးနှံချေးငွေဝန်ဆောင်မှုသည် အသေးစားလုပ်ငန်းရှင်တောင်သူလယ်သမားများ လိုအပ်သောရင်းနှီးမြုပ်နှံမှုများ ပြန်လုပ်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ ချေးငွေ ပမာဏ ၇၀၀,၀၀၀ မှ ၅,၀၀၀,၀၀၀ အထိရှိပြီး ချေးငွေပြန်ဆပ်မှုပုံစံသည် ကောက်ရိတ်သိမ်းချိန်နှင့် ကိုက်ညီအောင် ဖန်တီးထားသော ဝန်ဆောင်မှု ဖြစ်သည်။

သပြေစုငွေ

အသင်းဝင်များအနေနှင့် အလိုင်းရင့်စ်၏ရုံးခွဲတိုင်းတွင် လွယ်ကူစွာရယူနိုင်သော စုငွေ ဝန်ဆောင်မှုဖြစ်ပါသည်။ စုငွေအနည်းအများမဆို နှစ်စဉ်အတိုးနှုန်း ၁၀ % ဖြင့် ရယူနိုင်သော ဤစုငွေဝန်ဆောင်မှုသည် အသင်းဝင်များ၏နေ့စဉ်ငွေကြေးစီမံမှုတွင် အထောက်အကူပြုသော ဝန်ဆောင်မှုဖြစ်ပါသည်။

စံပယ်စုငွေ

အလိုင်းရင့်စ်၏ပုံမှန်သပြေစုငွေဝန်ဆောင်မှုသည် အသင်းဝင်များ၏ ချေးငွေကာလအတိုင်း ငွေစုနိုင်သော ဝန်ဆောင်မှုဖြစ်သည်။ အသင်းဝင်များ အနေနှင့် ချေးငွေကာလအတိုင်း ပုံမှန်ငွေစုသွားပါက နှစ်စဉ်အတိုးနှုန်း ၁၄ % အထိ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

ပိတောက်စုငွေ

ကာလအပိုင်းအခြားဖြင့် စုငွေစုဆောင်းလိုသည့် အသင်းဝင်များအနေဖြင့် စုဆောင်းနိုင်ပါသည်။ စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားပေါ်မူတည်၍အတိုးရာခိုင်နှုန်း အမြင့်မားဆုံးရရှိမည်ဖြစ်ပါသည်။ အပ်နှံထားနိုင်သည့် အတိုးနှုန်းများမှာ (၄လမှ ၈လ)အထိ အတိုးနှုန်း ၁၂%၊ (၉လမှ ၁၂လ)အထိ အတိုးနှုန်း ၁၃% နှင့် (၁၃လမှ ၂၄လ)အထိ အတိုးနှုန်း ၁၄% တို့ရရှိမည်ဖြစ်ပါသည်။

Financial Education

 Alliance works with clients to improve their financial literacy and better manage their money. Financial education messages are built into all loan processes, using flip charts, illustrated stories and videos to pass on important lessons. This approach ensures all clients receive financial education starting from their first interactions with Alliance while reducing spent in extra training sessions. For small enterprise clients, Alliance also offers additional business management workshops for entrepreneurs who want to develop their business to the next level.

CLIENT STORY